အသေးစားနှင့်အလတ်စားချေးငွေအမျိုးအစားများ
ချေးငွေအမျိုးအစား- လုပ်ငန်းလည်ပတ်ရန်ချေးငွေ(Working Capital Loan)
အဓိကအချက်များ
အရောင်းအဝယ်ကိစ္စများ၊ ကုန်ပစ္စည်းထုတ်လုပ်မှုများ၊ လုပ်အားခများနှင့် အခြားသောလုပ် ဆောင်ချက်များ လုပ်ဆောင်သောလုပ်ငန်းများအတွက် ကာလတိုချေးငွေအမျိုးအစားဖြစ် သည်။ ကာလတိုချေးငွေသည် ကုမ္ပဏီအတွက်လိုအပ်သောငွေကြေးကွာဟမှုကို ဘဏ်မှစိုက်ထုတ်ပေး ခြင်း ဖြစ်သည်။(ဥပမာ- ရာသီဥတုအပေါ်မူတည်သောလုပ်ငန်းများအတွက် ရရန်ရှိနှင့် ပေးရန်ရှိ တို့၏ ငွေကြေးလိုအပ်ချက်ကိုစိုက်ထုတ်ပေးခြင်းဖြစ်သည်။)
ချေးငွေပမာဏ – ကျပ်ငွေ (၅၀၀) သန်းအထိ
ချေးငွေသက်တမ်း – (၁)နှစ်အထိ(ချေးငွေအမျိုးအစား၊ချေးငွေယူသူ၏တောင်းဆိုချက်နှင့် A Bank ၏သုံးသပ်ချက်ပေါ်မူတည်ပါသည်။)
အတိုးနှုန်း – (၁) နှစ်လျှင် (၁၀%)
အပေါင်ပစ္စည်း – မြေနှင့်အဆောက်အဦး၊စက်ပစ္စည်းနှင့်မော်တော်ယဉ်အပေါင်၊အပ်ငွေစာရင်း၊ ကုန်ပစ္စည်းအပေါင်၊ အစိုးရတင်ဒါစာချုပ်၊ ရွှေနှင့်လက်ဝတ်ရတနာပစ္စည်း
များ၊ဂိုထောင်စာရင်း(Third Party မှစစ်ဆေး၍ သဘောတူထားသောစပါး
လက်ကျန်စာရင်း)၊ကိုယ်ရေးကိုယ်တာ အာမခံနှင့်အဖွဲ့အစည်းအာမခံ၊အိမ်
ခြံမြေလုပ်ငန်း၊ရွေ့ပြောင်းနိုင်သောပစ္စည်းများ။
ငွေပေးချေမှု – လစဉ်(သို့) ၃လ တစ်ကြိမ် တိုးရင်းပေါင်းပုံစံ။
ကုန်ကျစရိတ် – ဝန်ဆောင်ခ (၃%) အထိ (ချေးငွေပမာဏပေါ်) ဘဏ်မှသတ်မှတ်ထားသော စရိတ်များ။
ကန့်သတ်ထားသောအချက်အလက်များ
• တစ်ဦးတည်းလုပ်ငန်းပိုင်ရှင် (သို့) ဥပဒေအရလုပ်ပိုင်ခွင့်ရှိသူ
• အသက် (၂၀မှ ၆၅) နှစ်ကြား (တစ်ဦးတည်း customer အတွက်)
• လုပ်ငန်းကောင်းမွန်ကြောင်း လုပ်ဆောင်ချက်နှင့် ဘဏ္ဍာရေးရှင်းတမ်းမှတ်တမ်း။
• A Bank မှသတ်မှတ်ထားသော အခြားတိကျသော အချက်အလက်များ။
လိုအပ်သောစာရွက်စာတမ်းများ