ချေးငွေများ
အငှားဝယ်ယူ ချေးငွေ
လစဥ် အရစ်ကျစနစ်ဖြင့် ပစ္စည်းဝယ်ယူနိုင်သော ချေးငွေ အမျိုးအစား ဖြစ်သည်။ ဝယ်ယူလိုသော ပစ္စည်းအား Down Payment ၃၀% လက်ငင်းပေးသွင်းရုံဖြင့် စတင် အသုံးပြု၍ ရမည် ဖြစ်ပြီး EMI ဖြင့် လစဥ် ပုံမှန် ပမာဏ တစ်ခု ပေးသွင်းရုံဖြင့် ချေးငွေသက်တမ်းကုန်ဆုံး၍ အပြေအကျေ ပေးဆပ်ပြီးသောအခါတွင် Customer မှ ပိုင်ဆိုင်ခွင့်ရမည် ဖြစ်သည်။ HP စနစ်ဖြင့်အောက်ပါပစ္စည်းများအား ဝယ်ယူနိုင်ပါသည်။
- စက်တပ်ယာဥ်များ
- မီးစက်
- Software & Hardware
အိမ်ရာချေးငွေ
Down Payment ၃၀% ပေးသွင်းရုံဖြင့် မိမိဝယ်လိုသော အိမ်အား ပိုင်ဆိုင် နေထိုင်နိုင်စေမည့် ချေးငွေ အမျိုးအစား ဖြစ်သည်။ EMI ဖြင့် လစဥ် ပုံမှန် ပမာဏ တစ်ခု ပေးသွင်းရုံဖြင့် ချေးငွေသက်တမ်းကုန်ဆုံး၍ အပြေအကျေ ပေးဆပ်ပြီးသောအခါတွင် ပိုင်ဆိုင်ခွင့်ရမည် ဖြစ်သည်။ အိမ်ရာချေးငွေ စနစ်ဖြင့် ဝယ်ယူရရှိနိုင်သော အိမ်အမျိုးအစားများမှာ
- တိုက်ခန်း
- ကွန်ဒို
- မီနီကွန်ဒို
- လုံးခြင်း
A bank ဘဏ်ခွဲများတွင် ဆက်သွယ် လျှောက်ထားနိုင်ပါသည်။