3. A bank MPU Credit Card ၏ ထူးခြားချက်များနှင့် အကျိုးကျေးဇူးများမှာ အဘယ်နည်း။
A bank MPU Credit Card အသုံးပြုခြင်းအတွက် အောက်ပါအကျိုးကျေးဇူးများစွာရရှိမှာဖြစ်ပါသည်။
၄င်းတို့မှာ –
- နီးစပ်ရာမည့်သည့် A bank ဘဏ်ခွဲ တွင်မဆို အလွယ်တကူ လျှောက်ထားနိုင်ခြင်း။
- မည့်သည့် Deposit (သို့) Collateral များပေးရန် မလိုဘဲ လျှောက်ထားနိုင်ခြင်း။
- မူလကတ်ပိုင်ရှင်၏ မိသားစု၀င်များသာမက မည့်သို့ဆက်နွယ်သည့် Relationship အတွက် မဆို ဆင့်ပွားကတ်လျှောက် ပေးနိုင်ခြင်း။
- A+ Wallet app တွင် ကတ်နှင့်သက်ဆိုင်သည့် စီမံခန့်ခွဲမှုများလုပ်ဆောင်နိုင်ခြင်း။
- ကတ်ပျောက်ဆုံးပါက ဘဏ်အားဆက်သွယ်စရာမလိုပဲ A+ Wallet app တွင် အလျှင်အမြန် လွယ်ကူစွာ Lock ချ၍ ကာကွယ်စီမံနိုင်ခြင်း။
- ပြည်တွင်း၌ A bank MPU ကတ်ဖြင့် ငွေပေးချေရာတွင် အထူးလျော့စျေးများ ခံစားခွင့်ရရှိခြင်း။
- A Card ဝန်ဆောင်မှုနှင့် ပတ်သက်သော စုံစမ်းမေးမြန်းမှုများအတွက် ဖြေကြားပေးနိုင်ရန် (24/7) customer service ထားရှိခြင်း။