fbpx

၂. A bank ebanking ကို ဘာကြောင့်အသုံးပြုသင့်ပါသလဲ?

A bank ebanking ဝန်ဆောင်မှု၏ အထူးအားသာချက်မှာ A bank အချင်းချင်းသာမက အခြားသော ဘဏ်များသို့လည်း ငွေလွှဲပေးပို့နိုင်ခြင်းဖြစ်ပါသည်။ A bank ebanking ဝန်ဆောင်မှုကို အသုံးပြုသော လူကြီးမင်းများသည် A bank မှ အခြားသော ဘဏ်များသို့ငွေလွှဲရာတွင် လူကိုယ်တိုင်သွားရောက်ရန် မလိုပဲ မိမိတို့၏ဖုန်း ၊ ကွန်ပြူတာနှင့် အင်တာနက်ကွန်ယက် ချိတ်ဆက်နိုင်သော နေရာဒေသအားလုံးတွင် အချိန်နှင့် တပြေးညီ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ မိမိတို့ ကိုယ်တိုင်သတ်မှတ် ထားသော လျှို့ဝှက် ကုဒ်နံပါတ်များ ကိုအသုံးပြုပြီး လုံခြုံစိတ်ချစွာဖြင့် ဘဏ်ဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ဘဏ်စာရင်းများ စစ်ဆေးခြင်း၊ စာရင်းပြောင်းလွှဲခြင်း၊ ငွေသားလွှဲပြောင်းခြင်း၊ Utilities Bill များအား Online မှပေးဆောင်နိုင်ခြင်း၊ ဘဏ်စာရင်းရှင်းတမ်းများ ကြည့်ရှုစစ်ဆေးခြင်းနှင့် ချေးငွေဆိုင်ရာ အချက်အလက်များ စစ်ဆေးခြင်းတို့ကို မိမိတို့၏ နေအိမ်၌ ဘေးကင်းလုံခြုံစွာဖြင့် ဆောင်ရွက်နိုင် မည်ဖြစ်ပါသည်။