fbpx

A Bank မိသားစုမှ "A Day With The Kids" ပရိုဂရမ်ဖြင့် YGW မှ ကလေးများနှင့် ဖြတ်သန်းခြင်း

လူမှုအဖွဲ့အစည်းနှင့်အတူရပ်တည်ခြင်း

ကလေးသူငယ်များနှင့် တနေ့တာ
(YGW Orphanage, Taikkyi)

၂၀.၅.၂၀၂၂ ခုနှစ် သောကြာနေ့ တွင် ဒုတိယအမှုဆောင်အရာရှိ ဦးရဲထွန်းဦးနှင့်တကွ A bank မိသားစုဝန်ထမ်းဦးရေ ၁၀၀မှ “A day with the kids” အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သရက်ချောင်းကျေးရွာအုပ်စုရှိ YGW (Yellow Generation Wave) အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတအသင်းတွင် ပျော်ရွှင်စွာဆောင်ရွက်ခဲ့ပါသည်။

ကလေးသူငယ်များကို ပြုစုပျိုးထောင်ခြင်းသည် လွန်စွာအရေးကြီးတဲ့အတွက် နိုင်ငံ့အုတ်မြစ်ဖြစ်တဲ့ ကလေးသူငယ်များရဲ့ ကျန်းမာရေး၊ ပညာရေးနှင့် ပျော်ရွှင်မှု တို့သည် ကောင်းမွန်စွာကြီးပြင်းလာဖို့အတွက် အရေးအပါဆုံးဖြစ်ပါသည်။

မွေးကင်းစမှ အထက်တန်းအထိ ရှိသော ကလေးလူငယ် ၆၀၀ ကျော်ကို နေ့စဉ် စောင့်ရှောက်ပေးလျှက်ရှိသည့် YGW ကျောင်းအတွက် လိုအပ်သော နေ့စဉ်စားနပ်ရိက္ခာများ၊ အဝတ်အစားများ၊ ပညာရေး၊ကျန်းမာရေးဆိုင်ရာ အထောက်အပံ့ ပစ္စည်းများကို A bank နှင့် Ayeyar Hinthar Holdings Company Limited တို့မှ လှူဒါန်းနိုင်ခဲ့သည့်အပြင် ကလေးများအတွက် တနေ့တာဖျော်ဖြေရေးအစီအစဉ်ကို မြန်မာအနုပညာကျောင်းဆင်းဂီတအဖွဲ့များ၊ ကျွမ်းကျင်မူကြိုဆရာမများနှင့်အတူ တင်ဆက်ခဲ့ရာ ကလေးသူငယ်များအချို့မှ ဝံ့ရဲစွာတောင်းဆိုပြီး ဂီတအဖွဲ့နှင့်အတူရှေ့ထွက်ဖျော်ဖြေခဲ့သည်ကိုလည်း အားရဂုဏ်ယူပီတီဖြစ်ရပါသည်။

မြန်မာနိုင်ငံရှိ ဝန်ဆောင်မှုအကောင်းဆုံးဘဏ်များအနက်မှ ”
လူမှုအဖွဲ့အစည်းနှင့်အတူရပ်တည်ခြင်း
“ကို ယုံကြည်မှုဆောင်ပုဒ်အဖြစ် ရှေ့ထားဆောင်ရွက်လျက်ရှိသော A bank မှကလေးငယ်များ ကောင်းမွန်စွာကြီးပြင်းဖို့အတွက် လိုအပ်သော စိတ်ဓာတ်ဖွံ့ဖြိုးရေးနှင့် ပြုစုစောင့်ရှောက်ရေးများအပြင် တိုးတက်မှုများဖြစ်ပေါ်စေရန်အတွက် တစ်ဖက်တစ်လမ်းမှ အတတ်နိုင်ဆုံး ကူညီပံ့ပိုးလျက်ရှိပါသည်။
ကျွနု်ပ်တို့၏ အမှုဆောင်အရာရှိချုပ် Mr. Chongho Yoon ၏ လမ်းညွှန်တိုက်တွန်းမှုဖြင့် A bank မိသားစု၏ လုပ်ငန်းလှုပ်ရှားမှုရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်သော “Standing with our community together”
လူမှုအဖွဲ့အစည်းနှင့်အတူရပ်တည်ခြင်း
ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဝန်ထမ်းမိသားစုများမှ လူထုအကျိုးပြုလုပ်ငန်းများ၊ မြန်မာလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို အချိန်ပေးဆောင်ရွက်ခြင်းသည် တန်ဖိုးအရှိဆုံးရင်းနှီးမှုဖြစ်သည့်အတွက် စေတနာ့ဝန်ထမ်း နာရီပေါင်း 8,000 ကို ကတိပြု ဆောင်ရွက်သွားမည်ဖြစ်ပါသည်။