Answer
အီလက်ထရောနစ်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုဆိုသည်မှာ A bank အား ယုံကြည်စွာဖြင့် အသုံးပြုခဲ့ကြသော Customer များအတွက် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများအား 24/7 အချိန်နှင့် တပြေးညီ လွယ်ကူလျင်မြန်စွာဖြင့် အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။ ဘဏ်လုပ်ငန်းလိုအပ်ချက်များ ရယူရန်အတွက် ဘဏ်သို့တိုက်ရိုက်သွားရောက်ရန်မလိုပဲ မိမိတို့၏ နေအိမ် (သို့မဟုတ်) ရုံးလုပ်ငန်းဌာနများတွင် ဘဏ်လုပ်ငန်းဝန်ဆောင်မှု့များအား ဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။
Answer
A bank ebanking ဝန်ဆောင်မှု၏ အထူးအားသာချက်မှာ A bank အချင်းချင်းသာမက အခြားသော ဘဏ်များသို့လည်း ငွေလွှဲပေးပို့နိုင်ခြင်းဖြစ်ပါသည်။ A bank ebanking ဝန်ဆောင်မှုကို အသုံးပြုသော လူကြီးမင်းများသည် A bank မှ အခြားသော ဘဏ်များသို့ငွေလွှဲရာတွင် လူကိုယ်တိုင်သွားရောက်ရန် မလိုပဲ မိမိတို့၏ဖုန်း ၊ ကွန်ပြူတာနှင့် အင်တာနက်ကွန်ယက် ချိတ်ဆက်နိုင်သော နေရာဒေသအားလုံးတွင် အချိန်နှင့် တပြေးညီ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ မိမိတို့ ကိုယ်တိုင်သတ်မှတ် ထားသော လျှို့ဝှက် ကုဒ်နံပါတ်များ ကိုအသုံးပြုပြီး လုံခြုံစိတ်ချစွာဖြင့် ဘဏ်ဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ဘဏ်စာရင်းများ စစ်ဆေးခြင်း၊ စာရင်းပြောင်းလွှဲခြင်း၊ ငွေသားလွှဲပြောင်းခြင်း၊ Utilities Bill များအား Online မှပေးဆောင်နိုင်ခြင်း၊ ဘဏ်စာရင်းရှင်းတမ်းများ ကြည့်ရှုစစ်ဆေးခြင်းနှင့် ချေးငွေဆိုင်ရာ အချက်အလက်များ စစ်ဆေးခြင်းတို့ကို မိမိတို့၏ နေအိမ်၌ ဘေးကင်းလုံခြုံစွာဖြင့် ဆောင်ရွက်နိုင် မည်ဖြစ်ပါသည်။
Answer
- ဘဏ်စာရင်းရှင်းတမ်းများအား အချိန်နှင့်တပြေးညီ ကြည့်ရှုစစ်ဆေးနိုင်ခြင်း။
- A bank Account ရှိသူအချင်းချင်းသာမက Account မရှိသောသူများထံသို့ မှတ်ပုံတင်ဖြင့် ငွေလွှဲပေးပို့နိုင်ခြင်း။
- A bank အချင်းချင်းသာမက အခြားသော ဘဏ်များသို့လည်း ငွေလွှဲပေးပို့နိုင်ခြင်း။
- Utilities Bill ဝန်ဆောင်မှု ကိုအသုံးပြု၍ ဘေလ်များ ပေးခြေနိုင်ခြင်း။
- A bank ebanking ကိုအသုံးပြု၍ Mobile Top-up ပြုလုပ်ရာတွင် အပိုဆောင်း ၂% ခံစားခွင့်ရရှိခြင်း။
- Exchange Rate များအား အချိန်နှင့်တပြေးညီ သိရှိနိုင်ခြင်း။
- Deposit Interest Rate များ၊ Loan Interest Rate များအား အသုံးပြုသူကိုယ်တိုင် တွက်ချက် သိရှိနိုင်ခြင်း။
- အင်တာနက်ကွန်ယက်မိသည့် မည်သည့်နေရာ၊ မည်သည့်နိုင်ငံတွင်မဆို အသုံးပြုခြင်း။
- ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအား ပိတ်ရက်မရှိ ၂၄/၇ အသုံးပြုနိုင်ခြင်း။