ထိုင်း
– မြန်မာ နယ်စပ်ကုန်သွယ် ငွေလွှဲဝန်ဆောင်မှု
A bank မှ လူကြီးမင်းတို့၏ ကုန်သွယ်စီးပွားရေးလုပ်ငန်းများ အဆင်ပြေလွယ်ကူစေရန်အတွက် ဖော်ပြပါ ထိုင်းဘတ်ငွေစာရင်းအား ဖွင့်လှစ်နိုင်ပြီဖြစ်ပါသည်။
ဖွင့်လှစ်နိုင်သော စာရင်းအမျိုးအစား
- စာရင်းရှင်စာရင်း (Foreign Currency THB Current Account)
ဆောင်ရွက်နိုင်သည့် လုပ်ငန်းအမျိုးအစား
- ၁။ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်ရာတွင် ငွေလွှဲလက်ခံရရှိမှု (INWARD TT) နှင့် ငွေလွှဲပေးပို့မှု (OUTWARD TT) တို့ကိုဆောက်ရွက်နိုင်ခြင်း။
- ၂။ Import Letter of credit ဖွင့်လှစ်နိုင်ခြင်းနှင့် Export Letter of credit ရရှိပါက အကြောင်းကြားပေးခြင်း။
- ၃။ Documentary Collection ဆောင်ရွက်ပေးခြင်း။
BORDER TRADE PAYMENT ဝန်ဆောင်မှုနှုန်းထားများ
INWARD AND OUTWARD TT FEES
ထုတ်ကုန် | လွှဲငွေပမာဏ | ကောက်ခံမည့်ဈေးနှုန်း |
ငွေလွှဲပေးပို့မှု (Outward TT) |
အများဆုံး THB 500,000 ထိ | THB 100 + SWIFT FEES MMK 3,000 |
THB 500,001 – THB 1,000,000 | THB 300 + SWIFT FEES MMK 3,000 | |
THB 1,000,000 အထက် | THB 500 + SWIFT FEES MMK 3,000 | |
ငွေလွှဲလက်ခံရရှိမှု (Inward TT) |
မည်သည့်ငွေပမာဏမဆို | THB 100 |
စာရင်းပြောင်းနည်းဖြင့်ဆောင်ရွက်ခြင်း (Book Transfer) |
THB 100 |
IMPORT LC FEES
Import LC Issuance | THB 300 + SWIFT FEES MMK 3,000 |
Import LC Amendment | THB 100 + SWIFT FEES MMK 3,000 |
Import LC Cancellation | THB 100 + SWIFT FEES MMK 3,000 |
Discrepancies Fee | THB 200 |
Bill Handling Commission Under LC Services |
THB 200 + SWIFT FEES MMK 3,000 |
Export LC FEES
Export LC Advising | THB 200 + SWIFT FEES MMK 3,000 |
Export LC Amendment | THB 100 + SWIFT FEES MMK 3,000 |
Export LC Cancellation | THB 100 + SWIFT FEES MMK 3,000 |
Bill Handling Commission Under LC Services |
THB 200 + SWIFT FEES MMK 3,000 |
DOCUMENTARY COLLECTION FEES
Bill Handling Commission | THB 200 + SWIFT FEES MMK 3,000 |
CUT-OFF TIME
THB-MMK Border Trade Transaction များကိုငွေလွှဲပြောင်းပေးရန်အတွက် လိုအပ်သည့် စာရွက်စာတမ်းများပြည့်စုံ၍ လွှဲပို့သူ၏စာရင်းထဲတွင် ငွေလုံလောက်စွာရှိပါက A bank ၏ cut-off time ဖြစ်သည့် ညနေ (၃း၀၀) နာရီအတွင်း တင်ပြနိုင်ပါက နေ့ချင်းပြီး (T+0) ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ သို့သော် cut-off time ကျော်လွန်ပြီးမှတင်ပြလာပါက နောက်တစ်နေ့ ရုံးဖွင့်ရက် (T+1) ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
THB-MMK Border Trade ဖြင့် Payment များ၏ Export Proceed များအတွက် နိုင်ငံခြားမှ လွှဲပို့ငွေဝင်ရောက်လာပါက လိုအပ်သောစာရွက်စာတမ်းအထောက်အထားများကို ညနေ (၃း၀၀) နာရီ အတွင်း တင်ပြနိုင်လျှင် နေ့ချင်းပြီး (T+0) စာရင်းထည့်သွင်းပေးမည်ဖြစ်ပါသည်။ Cut-off time ကျော်လွန်ပြီးမှ တင်ပြလာပါက နောက်တစ်နေ့ရုံးဖွင့်ရက် (T+1) တွင်သာဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
THB/MMK Payment များကို Pilot ကာလဖြစ်သည့် Mar’22 မှ June’22 ထိ (3)လအတွင်း Designated Bank အဖြစ်သတ်မှတ်ထာသည့် Kasikorn Bank PublicCo.,Ltd (K Bank) Thailand နှင့် မြန်မာနိုင်ငံတွင် Ayeyarwaddy Farmers Development Bank ( A bank) တို့တွင် Border Trade Transactions များအား လက်ခံ/ပေးပို့ ဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။ Pilot ကာလအတွင်း A bank မှတစ်ဆင့် ထိုင်းနိုင်ငံရှိ အခြားဘဏ် များသို့ ငွေလွှဲပေးပို့လိုပါက Kasikorn Bank (K Bank) အား ကြားခံဘဏ်အဖြစ် အသုံးပြု၍ ငွေလွှဲပေးပို့နိုင် မည် ဖြစ်ပြီး၊ ထိုင်းနိုင်ငံရှိအခြားသောဘဏ်များမှ A bank သို့ ငွေလွှဲပေးပို့လိုပါက Kasikorn Bank (K Bank) မှတစ်ဆင့် လွှဲပို့ပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။