A bank MPU Credit Cards (Classic / Premium)
A bank MPU Credit Card သည် ငွေပေးချေရာတွင် အဆင်ပြေလွယ်ကူချောမွေ့စေပြီး မြန်မာနိုင်ငံတစ်ဝှမ်း၌ အသုံးပြုနိုင်သော Credit ကတ်ဖြစ်ပါသည်။ MPU Card လက်ခံသည့် ဈေးဆိုင်၊ စားသောက်ဆိုင်များတွင် ငွေသား သယ်ဆောင်စရာမလိုဘဲ ကတ်ဖြင့် အလွယ်တကူ ငွေပေးချေနိုင်ခြင်း၊ ATM မှတစ်ဆင့် ငွေသားထုတ်ယူနိုင်ခြင်း၊ MPU E-commerce ဖြင့်လည်းအွန်လိုင်းပေါ် ဈေးဝယ်ရာတွင် လုံခြုံစိတ်ချစွာ ငွေပေးချေနိုင်ခြင်းတို့အတွက် အသုံးပြုနိုင်ပါသည်။
MPU Classic Credit Card | MPU Premium Credit Card | |
ကတ်လျှောက်လွှာကြေး | မူလကတ် – ၅,၀၀၀ ကျပ် ဆင့်ပွားကတ် – ၅,၀၀၀ ကျပ် |
မူလကတ် – ၅,၀၀၀ ကျပ် ဆင့်ပွားကတ် – ၅,၀၀၀ ကျပ် |
နှစ်စဥ်ကြေး | မူလကတ် – ၁၅,၀၀၀ ကျပ် ဆင့်ပွားကတ် – ၅,၀၀၀ ကျပ် |
မူလကတ် – ၄၅,၀၀၀ ကျပ် ဆင့်ပွားကတ် – ၂၅,၀၀၀ ကျပ် |
လစဉ်ဝင်ငွေ အနည်းဆုံးရှိရမည့် ပမာဏ | ၃၀၀,၀၀၀ ကျပ် | ၂,၅၀၀,၀၀၀ ကျပ် |
လုပ်ဆောင်ချက်များ
- ကတ်နှင့်သက်ဆိုင်သည့် စီမံခန့်ခွဲမှုများ A+ Wallet တွင် အလွယ်တကူ လုပ်ဆောင်နိုင်ခြင်း။
- အများဆုံး (၄၅) ရက်အထိ Credit Limit အား အတိုးမဲ့သုံးစွဲနိုင်ခြင်း။
- ငွေပြန်လည်ပေးသွင်းရာတွင် အပြည့်အဝ (သို့) သတ်မှတ်ထားသော အနည်းဆုံးပမာဏမှစ၍ အဆင်ပြေရာ ပေးသွင်းနိုင်ခြင်း။
- မူလကတ်ပိုင်ရှင်၏ မိသားစုဝင်များသာမက မည့်သို့ဆက်နွယ်သည့် Relationship အတွက် မဆို ဆင့်ပွားကတ်လျှောက်ထားနိုင်ခြင်း။
- MPU logo ပါရှိသော မည်သည့် ATM တွင်မဆို လွယ်ကူစွာ ငွေထုတ်ယူနိုင်ခြင်း။
- စုံစမ်းမေးမြန်းမှုများအတွက် ဖြေကြားပေးနိုင်ရန် (24/7) customer service ထားရှိခြင်း။
လျှောက်ထားရန် လိုအပ်ချက်များ
- မြန်မာနိုင်ငံသားဖြစ်ရမည်။
- မူလကတ် (Principal Card) လျှောက်ထားသူမှာ အသက် (၁၈) နှစ်ပြည့်ပြီးသူ ဖြစ်ပြီး ဆင့်ပွားကတ် (Supplementary Card) လျှောက်ထားသူသည် (၁၆) နှစ်ပြည့်ပြီ းဖြစ်ရမည်။
- A bank တွင် Current (သို့) Savings (သို့) Call တစ်ဦးတည်း စာရင်း (Individual Account) တစ်ခု ရှိရမည်။
လိုအပ်သော စာရွက်စာတမ်းများ
ဝန်ထမ်း | ကိုယ်ပိုင်လုပ်ငန်းရှင် | ထောက်ခံသူ | ဆင့်ပွားကတ်လျှောက်ထားသူ | |
(၆) လအတွင်း ရိုက်ကူးထားသော ဓါတ်ပုံ(၂)ပုံ | ✓ | ✓ | ✓ | ✓ |
မှတ်ပုံတင်မိတ္တူ (ရှေ့/နောက်) | ✓ | ✓ | ✓ | ✓ |
အိမ်ထောင်စုစာရင်း မိတ္တူ | ✓ | ✓ | ||
နေထိုင်ကြောင်း ထောက်ခံစာ (ရပ်ကွက်ထောက်ခံစာ/ဧည့်စာရင်း) | ✓ | ✓ | ||
ဝင်ငွေ အထောက်အထား | ||||
ဝန်ထမ်းဖြစ်ကြောင်းထောက်ခံချက် (လစာ + ရာထူး အပါအဝင်) | ✓ | ✓ (ဝန်ထမ်း) | ||
လစာငွေဖြတ်ပိုင်း / ဘဏ်စာရင်းရှင်းတမ်း / အရောင်းပြေစာ (နောက်ဆုံး ၃လ) | ✓ | ✓ | ||
လုပ်ငန်းလိုင်စင် / DICA | ✓ | ✓ (ကိုယ်ပိုင်လုပ်ငန်းရှင်) | ||
အခွန်ပြေစာ (နောက်ဆုံး ၁နှစ်) | ✓ | |||
ဘဏ္ဍာရေးရှင်းတမ်း (နောက်ဆုံး ၁နှစ်) | ✓ |
မည်သို့ လျှောက်ထား ရမည်နည်း
1
နီးစပ်ရာ A bank ဘဏ်ခွဲတွင် လျှောက်လွှာဖြည့်စွက်၍ ထောက်ခံသူ (၁) ဦးနှင့် လိုအပ်သောစာရွက်စာတမ်းများနှင့် တကွလျှောက်ထားပါ။
2
လျှောက်လွှာ စီစစ်ရန် ဘဏ်ဖွင့်ရက် (၁၄) ရက်အထိ ကြာမြင့် နိုင်ပါသည်။
3
လျှောက်လွှာအဖြေရလဒ်ကို A bank မှ ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားပေးပါမည်။
4
ကတ်အား ဘဏ်ခွဲတွင် လာရောက် ထုတ်ယူ နိုင်ပါသည်။
အသုံးပြုငွေ ပြန်လည်ပေးသွင်းခြင်း
1
A+ Wallet မှတစ်ဆင့်ပေးသွင်းနိုင်ခြင်း။
2
မည်သည့် A bank ဘဏ်ခွဲတွင်မဆို ငွေသား / A bank ချက်လက်မှတ် / ဘဏ်အကောင့် transfer တို့ဖြင့် ငွေပေးချေနိုင်ခြင်း။
3
ဘဏ်အကောင့်မှ အလိုအလျောက်စနစ် (Direct Debit) ဖြင့် ငွေပြန်လည်ပေးသွင်းနိုင်ခြင်း။
A bank Credit Card များနှင့်ပတ်သက်ပြီး အကြံပေးမေးမြန်းလိုပါက ၀၉-၇၇၀၇၀၇၈၈၈ ကို ဆက်သွယ်နိုင်ပါသည်။
အတိုးနှင့် နောက်ကျကြေးတွက်ချက်ပုံများ၊ အခြားအသေးစိတ်အချက်အလက်များ သိရှိလိုပါက www.abank.com.mm FAQ Section တွက် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
MPU Credit Cards FAQs
Answer
A bank MPU Credit Card သည် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် ငွေပေးချေရန် (သို့) ငွေသားထုတ် ယူရန်အတွက် အဆင်ပြေလွယ်ကူချောမွေ့စေပြီး မြန်မာနိုင်ငံတစ်ဝှမ်း၌ အသုံးပြုနိုင်သော Credit ကတ်ဖြစ်ပါသည်။ ပြည်တွင်းရှိ MPU Card လက်ခံသည့် စတိုးဆိုင်၊ စားသောက်ဆိုင်များတွင် ငွေသားသယ်ဆောင်စရာမလိုပဲ ကတ်ဖြင့် အလွယ်တကူငွေပေးချေနိုင်ခြင်း၊ ATM မှတစ်ဆင့်ငွေသားထုတ်ယူ နိုင်ခြင်း၊ online တွင်ဈေးဝယ်ရာတွင် လုံခြုံစိတ်ချစွာ ငွေပေးချေနိုင်ခြင်းတို့အတွက် အကျိုးကျေးဇူးများခံစား ခွင့်ရရှိနိုင်မည် ဖြစ်ပါသည်။
Answer
A bank တွင် MPU Classic နှင့် MPU Premium Credit Card ဟူ၍ (၂) မျိုး ထုတ်ဝေထားရှိပါသည်။ မိမိ၏ ဝင်ငွေပေါ်မူတည်၍ ကြိုက်နှစ်သက်ရာ ကတ်အမျိုးအစားအား လျှောက်ထားနိုင်ပါသည်။
Answer
A bank MPU Credit Card အသုံးပြုခြင်းအတွက် အောက်ပါအကျိုးကျေးဇူးများစွာရရှိမှာဖြစ်ပါသည်။ ၄င်းတို့မှာ -- နီးစပ်ရာမည့်သည့် A bank ဘဏ်ခွဲ တွင်မဆို အလွယ်တကူ လျှောက်ထားနိုင်ခြင်း။
- မည့်သည့် Deposit (သို့) Collateral များပေးရန် မလိုဘဲ လျှောက်ထားနိုင်ခြင်း။
- မူလကတ်ပိုင်ရှင်၏ မိသားစု၀င်များသာမက မည့်သို့ဆက်နွယ်သည့် Relationship အတွက် မဆို ဆင့်ပွားကတ်လျှောက် ပေးနိုင်ခြင်း။
- A+ Wallet app တွင် ကတ်နှင့်သက်ဆိုင်သည့် စီမံခန့်ခွဲမှုများလုပ်ဆောင်နိုင်ခြင်း။
- ကတ်ပျောက်ဆုံးပါက ဘဏ်အားဆက်သွယ်စရာမလိုပဲ A+ Wallet app တွင် အလျှင်အမြန် လွယ်ကူစွာ Lock ချ၍ ကာကွယ်စီမံနိုင်ခြင်း။
- ပြည်တွင်း၌ A bank MPU ကတ်ဖြင့် ငွေပေးချေရာတွင် အထူးလျော့စျေးများ ခံစားခွင့်ရရှိခြင်း။
- A Card ဝန်ဆောင်မှုနှင့် ပတ်သက်သော စုံစမ်းမေးမြန်းမှုများအတွက် ဖြေကြားပေးနိုင်ရန် (24/7) customer service ထားရှိခြင်း။
Answer
Credit Card လျှောက်ထားရန် စိတ်ပါ၀င်စားသောမည်သူမဆို A bank မှ သတ်မှတ်ထားသော အချက်အလက် များနှင့် ပြည့်စုံပါက လျှောက်ထားနိုင်ပါသည်။- မြန်မာနိုင်ငံသားဖြစ်ရမည်။
- Credit ကတ်လျှောက်ထားသူမှာ အသက် (၁၈) နှစ်နှင့် အထက်ဖြစ်ရမည်။
- Classic ကတ်လျှောက်ထားသူမှာ - အနည်းဆုံး လစဥ်၀င်ငွေ (၃၀၀,၀၀၀) ကျပ်ရှိရမည်။
- Premium ကတ်လျှောက်ထားသူမှာ - အနည်းဆုံး လစဥ်၀င်ငွေ (၂,၅၀၀,၀၀၀) ကျပ်ရှိရမည်။
Answer
နှုန်းထား အမျိုးအစား | Card အမျိုးအစား | MPU Classic | MPU Premium |
ကတ်လျှောက်လွှာကြေး | မူလကတ် (principal) | ၅,၀၀၀ ကျပ် | ၅,၀၀၀ ကျပ် |
ဆင့်ပွားကတ် (supplementary) | ၅,၀၀၀ ကျပ် | ၅,၀၀၀ ကျပ် | |
ကတ်နှစ်စဥ်ကြေး | မူလကတ် (principal) | ၁၅,၀၀၀ ကျပ် | ၄၅,၀၀၀ ကျပ် |
ဆင့်ပွားကတ် (supplementary) | ၅,၀၀၀ ကျပ် | ၂၅,၀၀၀ ကျပ် |
Answer
A bank MPU Credit Card ၏ မူရင်းငွေကြေးအမျိုးအစားမှာ မြန်မာကျပ် (MMK) ဖြစ်ပါသည်။ ကတ်စတင် ထုတ်ဝေသည့်နေ့မှစ၍ (၅) နှစ် သက်တမ်းရှိပြီး သက်တမ်းကုန်ဆုံးမည့် လနှင့် နှစ်အား ကတ်ပေါ်တွင် ဖော်ပြထားပါသည်။Answer
Credit Limit ဆိုသည်မှာ Credit Card ဖြင့်ငွေပေးချေရာတွင် ဘဏ်မှသတ်မှတ်ပေးထားသော ကြိုတင် သုံးစွဲနိုင်မှု ငွေကြေးပမာဏအား ဆိုလိုပါသည်။ Customer မှတင်ပြသော အထောက်အထားများပေါ်မူတည်၍ အများဆုံး Credit Limit ပမာဏအား ဘဏ်မှချမှတ်ပေးသွားမည် ဖြစ်ပါသည်။Answer
A bank MPU Credit Card လျှောက်ထားခြင်းအတွက် အချိန်မှီစီစစ်နိုင်ရန် အောက်ဖော်ပြပါလိုအပ်သော စာရွက်စာတမ်း မှုရင်းများအား ယူဆောင်လာပါရန်နှင့် မိတ္တူအားတင်ပြပေးပါရန်။ဝန်ထမ်း | ကိုယ်ပိုင်လုပ်ငန်းရှင် | ထောက်ခံသူ | ဆင့်ပွားကတ်လျှောက်ထားသူ | |
A bank တစ်ဦးတည်းစာရင်း (ငွေစုဘဏ်စာရင်း၊ စာရင်းရှင်စာရင်း၊ ခေါ်ယူအပ်ငွေစာရင်း) | ✓ | ✓ | ||
KYC Check | ||||
(၆) လအတွင်း ရိုက်ကူးထားသော လိုင်စင်ဓါတ်ပုံ (၂)ပုံ | ✓ | ✓ | ✓ | ✓ |
မှတ်ပုံတင်မိတ္တူ (ရှေ့/နောက်) | ✓ | ✓ | ✓ | ✓ |
အိမ်ထောင်စုစာရင်း မိတ္တူ | ✓ | ✓ | ||
နေထိုင်ကြောင်းထောက်ခံစာ | ✓ | ✓ | ||
ဝင်ငွေအထောက်အထား | ||||
ဝန်ထမ်းဖြစ်ကြောင်းထောက်ခံချက် (လစာ + ရာထူး အပါအဝင်) | ✓ | ✓ (၀န်ထမ်း) | ||
လစာပြေစာ / ဘဏ်စာရင်းရှင်းတမ်း / အရောင်းပြေစာ / ၀င်ငွေစာရွက်စာတမ်း အရင်းအမြစ် (နောက်ဆုံး ၃လ) | ✓ | ✓ | ||
လုပ်ငန်းလိုင်စင် / ကုမ္ပဏီအဖွဲ့အစည်းလိုင်စင် (DICA) | ✓ | ✓ (ကိုယ်ပိုင်လုပ်ငန်းရှင်) | ||
အခွန်ပြေစာ (နောက်ဆုံး ၁နှစ်) | ✓ | |||
ဘဏ္ဍာရေးရှင်းတမ်း (နောက်ဆုံး ၁နှစ်) | ✓ |
Answer
A bank MPU Credit Card အား နီးစပ်ရာ A bank ဘဏ်ခွဲတွင် လိုအပ်သောစာရွက်စာတမ်းများနှင့် အတူ လျှောက်လွှာအား ပြည်စုံစွာဖြည့်စွက်၍ လျှောက်ထားနိုင်ပါသည်။ တစ်ပါတည်းဆင့်ပွားကတ်ကိုလည်း မူလ ကတ်လျှောက်လွှာနှင့်အတူ ပူးတွဲ၍ လျှောက်ထားနိုင်ပါသည်။Answer
ဆင့်ပွားကတ် (Supplementary Card) ဆိုသည်မှာ မူလ Credit ကတ်ကိုင်ဆောင်သူနှင့် မည်သို့ဆက်နွယ် သည့် Relationship အတွက်မဆို မူလကတ်ပိုင်ရှင်၏ ခွင့်ပြုချက်ဖြင့် Credit Limit အား မျှဝေအသုံး ပြုရသောကတ် အမျိုးအစားဖြစ်ပါသည်။ ဆင့်ပွားကတ်မှ အသုံးပြုထားသော ပြန်ပေးရန်ရှိ ငွေပမာဏအား မူလကတ်ကိုင် ဆောင်သူမှ ပေးချေရန်တာဝန် ရှိပါသည်။Answer
ဆင့်ပွားကတ်မှ အသုံးပြုထားသော ပြန်ပေးရန်ရှိငွေပမာဏအား ဘဏ်သို့ ပြန်လည်ပေးချေရန် မူလကတ်ကိုင် ဆောင်သူမှ အပြည့်အဝတာ၀န်ရှိပါသည်။Answer
- အများဆုံး ဆင့်ပွားကတ် (၂) ကတ်အထိ လျှောက်ထား နိုင်ပါသည်။
- မြန်မာနိုင်ငံသားဖြစ်ရမည်။
- ဆင့်ပွားကတ်လျှောက်ထားသူမှာ အသက် (၁၆) နှစ်နှင့် အထက်ဖြစ်ရမည်။
Answer
ဆင့်ပွားကတ် (Supplementary Card) လျှောက်ထားခြင်းအတွက် မူလကတ်ကိုင်ဆောင်သူနှင့် အတူလာ ရောက်လျှောက်ထားရန် လိုအပ်ပြီး အချိန်မှီစီစစ်နိုင်ရန် အောက်ဖော်ပြပါလိုအပ်သော စာရွက်စာတမ်းမူရင်း များအား ယူဆောင်လာပါရန်နှင့် မိတ္တူအားတင်ပြပေးပါရန်။- (၆) လအတွင်း ရိုက်ကူးထားသော လိုင်စင်ဓါတ်ပုံ (၂) ပုံ
- မှတ်ပုံတင် မိတ္တူ (အရှေ့/ အနောက်)
Answer
A bank Supplementary Card သီးခြားလျှောက်ထားခြင်းအတွက် နီးစပ်ရာ A bank ဘဏ်ခွဲတွင် လိုအပ်သော စာရွက်စာတမ်းများအား ယူဆောင်၍ မူလကတ်ကိုင်ဆောင်သူနှင့်အတူ လျှောက်လွှာအား ပြည်စုံစွာဖြည့်စွက် ၍ လျှောက်ထားနိုင်ပါသည်။Answer
Credit Card လျှောက်ထားခြင်းအတွက် သက်ဆိုင်ရာလိုအပ်သည့် တင်ပြသော စာရွက်စာတမ်း အထောက်အ ထားများ ပြည့်စုံပြီး လျှောက်လွှာဖြစ်ပါက ရုံးလုပ်ငန်းစဥ် (၇ ရက် မှ ၁၄ ရက်) အထိကြာမြင့်နိုင်ပါသည်။Answer
A bank မှ Credit Card လျှောက်ထားမှု အောင်မြင်ခြင်းအား အကြောင်းကြား ပေးမည်ဖြစ်ပါသည်။ ပြီးပြည့်စုံသောလျှောက် လွှာတင်သည့်နေ့မှစ၍ ရုံးလုပ်ငန်းစဥ် (၁၄) ရက်အတွင်း ဘဏ်ဘက်မှ မည့်သည့် အကြောင်းကြားခြင်းမှ မရရှိ ခဲ့လျှင် (+၉၅၉ ၇၇၀ ၇၀၇၈၈၈) သို့ဆက်သွယ် မေးမြန်းနိုင်ပါသည်။ လျှောက်လွှာ အောင်မြင်၍ ကတ်ထုတ် ယူရန်ဘဏ်မှ အကြောင်းကြားခြင်းရရှိခဲ့ပါက လျှောက်လွှာတွင် ကတ်ထုတ်ယူရန် ဖော်ပြခဲ့သော ဘဏ်ခွဲသို့ မှတ်ပုံတင်မူရင်း ကတ်ပြားပါယူဆောင်၍ ကတ်အားသွား ရောက်ထုတ်ယူနိုင်ပါသည်။Answer
A bank MPU Credit Card လျှောက်ထားရာတွင် အောက်ဖော်ပြပါအစရှိသည့် အကြောင်းရင်းများစွာကြောင့် ငြင်းပယ်ခြင်း ခံရနိုင်ပါသည်။- လျှောက်လွှာတွင် ပြည့်စုံစွာမဖြည့်ထားခြင်း။
- လိုအပ်သော အထောက်အထား စာရွက်စာတမ်းများ မပြည့်စုံခြင်း။
- တင်ပြထားသော ကိုယ်ရေးအချက်အလက် များမှားယွင်းခြင်း။
- A bank မှချမှတ်ထားသော Credit policy သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိခြင်း။
Answer
A bank MPU Credit Card ၏ အကျိုးခံစားခွင့်များရရှိရန် ကတ်အားရရှိပြီးသည်နှင့် တစ်ပြိုင်နက်တည်း Activation ပြုလုပ်၍ စတင်အသုံးပြုရန် အကြံပြုပါသည်။Answer
A bank MPU Credit Card အား မိမိကိုယ်တိုင် (A+ Wallet app) မှတစ်ဆင့် Activation ပြုလုပ်နိုင်ပါသည်။ A bank မှသင့်ဖုန်းထဲသို့ Activation Code (၆) လုံးအားပေးပို့မည်ဖြစ်ပါသည်။ Activation Code (၆) လုံးအား မှန်ကန်စွာရိုက်ထည့်ပြီးနောက် မိမိကြိုက်နှစ်သက်သော Card PIN (၆) လုံးသတ်မှတ်ပါ။ ကတ်အား အောင်မြင်စွာ Activate ပြုလုပ်ပြီးနောက် ချက်ချင်းစတင်အသုံးပြုနိုင်ပါသည်။ အောက်ဖော်ပြပါအချက်များ ဖြင့် Activation ပြုလုပ်ပါရန် _- အဆင့် ၁ - A+ Wallet app အား ဒေါင်းလုပ်ပြုလုပ်ပါ။
- အဆင့် ၂ - A+ wallet account ဖွင့်ပြီး Level – 2 user မြှင့်တင်ပါ။ (Level-2 user ဖြစ်ရန် ရုံးလုပ်ငန်းချိန် ၄၈ နာရီစောင့်ဆိုင်းရပါမည်။)
- အဆင့် ၃ - A Card ထဲ၀င် ၍ သင်၏ ကတ်အား My Cards ထဲတွင် Add Card ပြုလုပ်ပါ။
- အဆင့် ၄ - Activate ဆက်လက်ပြုလုပ်ပါ၊ Card PIN သတ်မှတ်ပါ။ ထို့နောက် စတင်အသုံးပြုနိုင်ပါသည်။
Answer
PIN ဆိုသည်မှာ ATMs တွင်ငွေသားထုတ်ယူရာ၌ အသုံးပြုရသည့် ကိုယ်ပိုင်လျှို့၀ှက်နံပါတ် ဂဏန်း (၆) လုံး ဖြစ်ပါသည်။ A bank ၏ အားသာချက်မှာ A+ Wallet app အားအသုံးပြု၍ PIN အား သင်ကိုယ်တိုင် အချိန်မရွေးလုံခြုံစွာ ပြောင်းလဲနိုင်ခြင်းဖြစ်ပါသည်။Answer
သင်၏ PIN Lock ကျခြင်းအတွက် သင်ကိုယ်တိုင် နီးစပ်ရာ A bank ဘဏ်ခွဲသို့ သွား၍ PIN Unlock ပြုလုပ် ခြင်းအား တောင်းဆိုနိုင်ပါသည်။ အတည်ပြုချက်များ တိုက်ဆိုင်စစ်ဆေးရန်အတွက် မှတ်ပုံတင်မူရင်း နှင့် သင်၏ A bank MPU Credit Card အား ယူဆောင်လာရမည်ဖြစ်ပါသည်။Answer
A+ Wallet app အားအသုံးပြု၍ မိမိကိုယ်တိုင် Card PIN အသစ်ပြောင်းလဲခြင်း ပြုလုပ်နိုင်ပါသည်။Answer
- စျေး၀ယ်ယူမှု ပေးချေခြင်းအတွက် ဝယ်ယူသည့်နေ့ပေါ်တွင်မူတည်၍ အနည်းဆုံး (၁၅) ရက်မှ အများဆုံး (၄၅) ရက် အထိ အတိုးကင်းလွတ်ခွင့် ရရှိနိုင်ပါသည်။
- ငွေသားထုတ်ယူ ခြင်းအတွက် အတိုးကင်းလွတ်ခွင့်ကာလ ခံစားခွင့်မရရှိပါ၊ စတင်ငွေထုတ်ယူသည့်နေ့မှ စ၍ နေ့စဥ်အတိုးတွက်ချက်မည်ဖြစ်ပါသည်။
Answer
- အတိုးနှုန်းမှာတစ်နှစ်လျှင် (၁၆.၅%) ဖြစ်ပြီး နေ့စဥ်အသုံးပြုထားသော ပြန်လည်ပေးဆပ်ခြင်းမပြုသည့် ပမာဏပေါ်တွင် ကောက်ခံ မည်ဖြစ်သည်။ ထိုကောက်ခံခြင်းအား လစဥ် စာရင်းရှင်းတမ်းတွင် ဖော်ပြပေးမည် ဖြစ်ပါသည်။
- နောက်ဆုံးပေးချေရက် (Due Date) အတွင်း ဘဏ်သို့ အပြည့်အဝပြန်လည်ပေးချေပါက အတိုးကင်းလွတ် ခွင့်ခံစားရမည် ဖြစ်ပါသည်။
- နောက်ဆုံးပေးချေရက် (Due Date) အတွင်း အနည်းဆုံးပမာဏ ပြန်လည်ပေးချေပါက လက်ကျန်ပေါ် တွင် အတိုးကောက်ခံမည်ဖြစ်ပါသည်။
- နောက်ဆုံးပေးချေရက် (Due Date) အတွင်း ဘဏ်သို့မည်သည့်ပေးချေခြင်းမှ မပြုလုပ်လျှင် ပြန်လည် ပေးဆပ်ခြင်းမပြုသည့် ပမာဏပေါ်တွင် အတိုးနှုန်းတစ်နှစ်လျှင် (၁၆.၅%) ကောက်ခံ မည်ဖြစ်သည်။
Answer
Billing statement date သည် လစဥ်လတိုင်း၏ (၁) ရက်နေ့ဖြစ်ပြီး A bank မှ e-statement အား အီးမေးလ် မှတစ်ဆင့် ပို့ပေးမည်ဖြစ်သည်။ e-statement date သတ်မှတ်ချက်သည် A bank ၏ဆုံးဖြတ်ချက် အရပြောင်း လဲနိုင်ပြီး ထိုပြောင်းလဲမှုတိုင်းအတွက် သင့်အား အကြောင်းကြားပေးမည်ဖြစ်ပါသည်။Answer
A bank မှပေးပို့သော e-statement တွင် ဘဏ်သို့ ပြန်လည်ပေးချေရမည့် စုစုပေါင်းပမာဏနှင့် နောက်ဆုံး ပေးချေရမည့်ရက် (Due Date) ကိုဖော်ပြထားပါသည်။Answer
A bank MPU Credit Card အား ငွေပြန်လည်ပေးချေရန် ရွေးချယ်စရာ (၂) မျိုးရှိပါသည်။ ၄င်းတို့မှာ_- အနည်းဆုံးပေးချေခြင်း - ၁၀,၀၀၀ ကျပ် (သို့) ပြန်လည်ပေးချေရမည့် ငွေပမာဏ၏ (၁၀%) (ဥပမာ - ၅၀,၀၀၀ ကျပ်သုံးစွဲထားလျှင် ၅,၀၀၀ ကျပ်သာပေးချေ၍ မရပါ။ ၁၀,၀၀၀ ကျပ် အနည်းဆုံးပေးချေရမည်။ ၁၀,၀၀၀ ကျပ် အောက်လျော့နည်းသောပမာဏ အသုံးပြုထားပါက သုံးထားသည့် ပမာဏအတိုင်း ပြန်လည်ပေးချေရန် လိုအပ်ပါသည်။)
- အပြည့်အဝပေးချေခြင်း - ပြန်လည်ပေးချေရမည့် ငွေပမာဏ၏ (၁၀၀%)
Answer
- Direct Debit (DD) အလိုအလျောက် ငွေနုတ်ယူခြင်းဝန်ဆောင်မှုသည် A bank Credit Card ကိုင်ဆောင် သူ များ ဘဏ်သို့ လစဥ်အချိန်မှီပေးချေရာတွင် အချိန်ကုန်သက်သာ၍ အဆင်ပြေစေသော နည်းလမ်းတစ်ခု ဖြစ်ပါ သည်။
- Direct Debit (DD) ဝန်ဆောင်မှုအား ရယူထားပါက ဘဏ်သို့ပေးရန်ရှိ စာရင်းရှင်းတမ်း ငွေပမာဏ၏ (အနည်းဆုံး (သို့) အပြည့်အဝ) ပေးချေခြင်း အမျိုးအစားအလိုက် နောက်ဆုံးပေးချေရက် (Due Date) တွင် ၄င်း၏ ဘဏ်စာရင်းထဲမှ အလိုအလျောက် ဖြတ်တောက်သွားမည်ဖြစ်ပြီး ထိုငွေပေးချေမှုအတွက် ၎င်း၏ Credit Card ထဲသို့ အချိန်နှင့် တစ်ပြေးညီ ငွေပြန်လည် ထည့်သွင်းပေးပါသည်။
Answer
အနည်းဆုံးပေးချေရမည့်ငွေပမာဏ (minimum payment due) ဆိုသည်မှာ ဘဏ်သို့ ပေးချေရမည့် အနည်းဆုံးပမာဏကို ဆိုလိုပါသည်။ စုစုပေါင်းစာရင်းပိတ် ပေးချေရမည့် ငွေပမာဏ၏ (၁၀%) (သို့) (၁၀,၀၀၀) ကျပ် (ပိုများသောပမာဏ) အား လစဥ်စာရင်းရှင်းတမ်း တွင်ဖော်ပြထားပါသည်။Answer
နောက်ကျကြေးဆိုသည်မှာ နောက်ဆုံးပေးချေရမည့်ရက် (Due Date) တွင် လစဥ် အနည်းဆုံးပေးချေရမည့် ငွေပမာဏအား ဘဏ်သို့ ပြန်လည်ပေးချေခြင်းမပြုပါက ကောက်ခံသော နှုန်းထားတစ်ခု ဖြစ်ပါသည်။ နောက်ကျကြေး မပေးလိုပါက နောက်ဆုံးပေးချေရမည့်ရက်တွင် အနည်းဆုံးပေးချေရမည့် ပမာဏအား ဘဏ်သို့ အချိန်မှီ ပြန်လည်ပေးချေရန် လိုအပ်ပါသည်။Answer
သက်ဆိုင်ရာစာရင်းရှင်းတမ်း၏ ပေးချေရန်အနည်းဆုံးငွေပမာဏအား နောက်ဆုံးပေးချေရက် (Due Date) တွင် ပေးချေခြင်းမရှိပါက_- ရက်ပေါင်း (၃၀) (1st cycle overdue) အထိ ငွေပေးချေခြင်းမရှိသူအတွက် ပထမအဆင့် ပျက်ကွက်သူ အဖြစ် သတ်မှတ်မှာဖြစ်ပြီး အတိုးနှင့် နောက်ကျကြေးအား ပေးဆောင်ရမည်ဖြစ်၍ လာမည့်လစဥ် စာရင်းရှင်းတမ်းတွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
- ရက်ပေါင်း (၆၀) (2nd cycle overdue) အထိ ငွေပေးချေခြင်းမရှိသူအတွက် ဒုတိယအဆင့် ပျက်ကွက် သူအဖြစ် သတ်မှတ်မှာဖြစ်ပြီး ပေးချေရန်ရှိသောငွေအား ကတ်ကိုင်ဆောင်သူ ထံသို့ A bank မှ ဆက်သွယ်မေးမြန်းခြင်း၊ စာဖြင့်တောင်းဆိုမှုများပြုလုပ်ခြင်း တို့အပါအ၀င် အတိုးနှင့် နောက်ကျကြေး အား ပေးဆောင်ရမည်ဖြစ်၍ လာမည့်လစဥ် စာရင်းရှင်းတမ်းတွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
- ရက်ပေါင်း (၉၀) (3rd cycle overdue) အထိ ငွေပေးချေခြင်းမရှိသူအတွက် တတိယအဆင့် ပျက်ကွက်သူအဖြစ် သတ်မှတ်မှာဖြစ်ပြီး ကတ်သည် အလိုအလျောက်စနစ်ဖြင့် ပိတ်ဆို့သွားမည် ဖြစ်ပါသည်။ ဆက်လက်၍ ဥပဒေကြောင်းအရ အရေးယူမှုများ အကန့်အသတ်မရှိအပါအ၀င် ပြန်လည် ရရှိရေးအတွက် လိုအပ်သည်များကို စတင်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ အတိုးနှင့် နောက်ကျ ကြေးများလည်း ပေးဆောင်ရမည် ဖြစ်ပါသည်။
Answer
ငွေသားထုတ်ယူခြင်းနှင့် စျေးဝယ်ယူခြင်း အသုံးပြုမှု တို့အတွက် A bank ၏ ကန့်သတ်ချက်ပမာဏများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။- ငွေသားထုတ်ယူမှု - သတ်မှတ်ကြိုတင်အသုံးပြုငွေ (Credit Limit) ၏ (၃၀%)
- စျေး၀ယ်ယူမှု - သတ်မှတ်ကြိုတင်အသုံးပြုငွေ (Credit Limit) ၏ (၁၀၀%)
Answer
A bank MPU Credit Card အသုံးပြုရာတွင် စသည့် အောက်ပါအကြောင်းရင်းများကြောင့် အသုံးပြုခြင်း မအောင်မြင် ဖြစ်နိုင်ပါသည်။ ၄င်းတို့မှာ_- ကတ် Activate မပြုလုပ်ရသေးခြင်း။
- PIN နံပါတ်မှားယွင်း အသုံးပြုခြင်း။
- အသုံးပြုမှုအတွက် သင်၏ကတ်ထဲတွင် ငွေလုံလောက်မှု မရှိခြင်း။
- ATM နှင့် POS စက်များတွင် နေ့စဥ်အသုံးပြုမှု ကန့်သတ်ပမာဏ/အကြိမ် ကိုကျော်လွန် အသုံးပြုခြင်း။
- Online ပေးချေမှုတွင် Expiry Date (သို့) CVV လျို့၀ှက်နံပါတ် မှားယွင်း ထည့်သွင်းခြင်း။
- Online ပေးချေမှုအတွက် OTP ပို့ရန် ဘဏ်သို့ ပေးထားသော အချက်အလက်များနှင့် လက်ရှိအသုံးပြု နေသော အချက်အလက်များမှာ ကိုက်ညီမှုမရှိခြင်း။ OTP မရောက်ခြင်း ဖြစ်ပေါ်နိုင်ပါသည်။
Answer
အတိုးနှုန်း (Purchase & Cash Advance) | ၁၆.၅% p.a. |
နောက်ကျကြေး | ၂% p.m. (အနည်းဆုံးငွေပမာဏ မပေးချေလျှင်လက်ကျန်ငွေပမာဏပေါ်တွင်) |
ATM တွင် ငွေသားထုတ်ယူခြင်း | ပြည်တွင်း ATM – ငွေသားထုတ်ယူမှု၏ ၃% (သို့) အနည်းဆုံး ၅,၀၀၀ ကျပ် + အခြားဘဏ်မှ သတ်မှတ်နှုန်းထားများ |
ATM တွင် လက်ကျန်ငွေ စစ်ဆေးခြင်း | ပြည်တွင်း ATM – အခမဲ့ |
Answer
Credit Limit သတ်မှတ်ကြိုတင်အသုံးပြုငွေပမာဏ မြှင့်တင်ခြင်းအား နီးစပ်ရာ A bank ဘဏ်ခွဲတွင် လျှောက်ထားနိုင်ပါသည်။ ဥပမာ- သင်၏ လစဥ်၀င်ငွေ ပမာဏ တိုးလာခြင်းအတွက် အမြဲတမ်းပမာဏ တိုးမြှင့် ခြင်းအား လျှောက်ထားနိုင်ပါသည်။ သို့သော် ထိုလျှောက်ထားခြင်းများအတွက် A bank မှ သတ်မှတ်ထားသော စာရွက်စာတမ်းအထောက်အထား များလိုအပ်ပြီး ၀န်ဆောင်ခနှုန်းထားများရှိပါသည်။ ထိုလျှောက်ထား ခြင်းများ အတွက် အတည်ပြုရန် ရုံးလုပ်ငန်းစဥ် (၇) ရက်အထိကြာမြင့် နိုင်ပါသည်။Answer
A bank Credit Card ပျောက်ဆုံးခြင်း (သို့) အခိုးခံရခြင်းများ ဖြစ်ပွားပါက သင်၏ A+ Wallet app ထဲ သို့၀င်၍ သင်ကိုယ်တိုင် မည်သူမှအသုံးပြု၍ မရနိုင်အောင်လုံခြုံစိတ်ချစွာ လော့ခ် (Lock) ပြုလုပ်နိုင်ပါသည်။ (သို့မဟုတ်) A bank Call Center (+၉၅၉ ၇၇၀၇၀၇၈၈၈) သို့ဆက်သွယ် အကြောင်းကြားခြင်း၊ နီးစပ်ရာဘဏ်ခွဲ သို့သွားခြင်းဖြင့် မည်သို့ပျောက်ဆုံးကြောင်း အတည်ပြုချက်များအား ဖြေဆို၍ ကတ်အားယာ ယီပိတ်ထားနိုင်ပါသည်။ ထို့နောက် သင်၏ကတ် လုံး၀ပြန်လည်မတွေ့ရှိပါက နီးစပ်ရာဘဏ်ခွဲ မှတစ်ဆင့် အစားထိုး ကတ်အားပြန်လည် လျှောက်ထားနိုင်ပါသည်။Answer
A bank Credit Card ပျောက်ဆုံးခြင်း (သို့) အခိုးခံရခြင်းမှ ပြန်လည်တွေ့ရှိလျှင် သင်၏ A+ Wallet app ထဲသို့ ၀င်၍ သင်ကိုယ်တိုင် လော့ခ်ဖြည်ခြင်း (Unlock Card) ပြုလုပ်နိုင်ပါသည်။ (သို့) A bank Call Center (+၉၅၉ ၇၇၀၇၀၇၈၈၈) သို့ဆက်သွယ် အကြောင်းကြားခြင်း၊ နီးစပ်ရာဘဏ်ခွဲသို့သွားခြင်းဖြင့် မည်သို့ပြန်လည်တွေ့ရှိ ကြောင်း အတည်ပြုချက်များအား ဖြေဆို၍ ကတ်အား ယာယီပိတ်ထားခြင်းမှ ပြန်လည်ဖွင့်နိုင်ပါသည်။Answer
A bank Credit Card ပျက်စီး၊ ပျောက်ဆုံး (သို့) အခိုးခံရခြင်းများဖြစ်ပွားခြင်းတို့အတွက် အစားထိုးကတ် လျှောက်ထားလိုပါက နီးစပ်ရာဘဏ်ခွဲတွင် သွားရောက်လျှောက်ထားနိုင်ပါသည်။ သင်၏ ကတ်အဟောင်း အား ဘဏ်မှပယ်ဖျက်၍ ကတ်အသစ်ထုတ်ပေးခြင်းအတွက် ရုံးလုပ်ငန်းစဥ် (၇) ရက်အတွင်း ရရှိမည် ဖြစ်ပါသည်။Answer
A bank သည် သင်၏ ကတ်သက်တမ်းကုန်ဆုံးရက် မတိုင်မှီ ကတ်သက်တမ်းတိုးခြင်းပြုလုပ်ရန် (၁) လ ကြိုတင်၍ SMS ဖြင့် အကြောင်းကြားပေးမည်ဖြစ်ပါသည်။ သက်တမ်းတိုးမှုပြုလုပ်လိုပါက နီးစပ်ရာဘဏ်ခွဲသို့ သွားရောက်၍ ကတ်သက်တမ်းတိုးခြင်းအား လျှောက်ထားနိုင်ပါသည်။ သို့သော် A bank နှင့် credit history ကောင်းမွန်သော Customers များအား A bank မှ ဆက်သွယ်၍ အလိုအလျောက် ကတ်သက်တမ်းတိုး၍ ထုတ်ပေးသွား မည်ဖြစ်ပါသည်။Answer
Type of Card (Card အမျိုးအစား) | MPU Classic | MPU Premium |
မှုလကတ် (၀န်ဆောင်ခ) | ၅,၀၀၀ ကျပ် | ၅,၀၀၀ ကျပ် |
ဆင့်ပွားကတ် (၀န်ဆောင်ခ) | ၅,၀၀၀ ကျပ် | ၅,၀၀၀ ကျပ် |